ခရမ်းချဥ်သီး 🍅
ဒီနေ့ ခရမ်းချဥ်သီးအကြောင်းလေးကိုပြောပြပေးပါမယ်❣️
ခရမ်းချဥ်သီးမှာဆိုရင် အသားအရေအတွက်ရော ခန္တာကိုယ်အတွက်ပါ ကောင်းမွန်သောဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ခရမ်းချဥ်သီးမှာ potassium နှင့် vit c ဓာတ်ပါဝင်တာကြောင့် အရေပြားရဲ့ပျက်စီးမှေးမှိန်နေတဲ့ ဆဲလ်တွေကိုကုသပေးပြီး အသားအရေကိုကျန်းမာ ဝင်းပစေပါတယ်။ ဒါ့အပြင် antioxidant တစ်မျိုးဖြစ်သော Lycopene လဲပါဝင်ပါတယ်။ ၎င်းက အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနှင့် နေရောင်ခြည်ထိတွေခြင်းကြောင့်ဖြစ်ပေါ်သည့် အရေပြားပြဿနာများကို ကုသပေးပါတယ်။
ခရမ်းချဥ်သီးဟာ အလှအပအတွက်လည်း အလွန်အသုံးဝင်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ အဓိကအားဖြင့်
• အဆီပြန်မှုကို လျှော့ချပေးခြင်း
• ချွေးပေါက်ကျယ်များကို ကျဥ်းစေနိုင်ခြင်း
• အသားအရေကိုတင်းရင်းစေပြီး ကြည်လင်စေနိုင်ခြင်း
• နေလောင်ခြင်းကြောင့်ဖြစ်ပေါ်သော အသားအရေမညီညာမှုများကိုညှိပေးနိုင်ခြင်း တိုကိုလုပ်ဆောင်ပေးပါတယ်။
🍅 ယခုခေတ်မှာတော့ skincare ကိုအဓိကဂရုစိုက်လာကြပြီး ခရမ်းချဥ်သီးနဲ့လဲ product တွေထုတ်လုပ်နေကြပြီဖြစ်ပါတယ်။
Telegram အသုံးပြုသော customer များလဲ https://t.me/snowfoxgroupofcompanies မှာဝင်ရောက်လေ့လာလိုရပါသေးတယ်ရှင့် 🙏
Photo from google