You are currently viewing Centella (မြင်းခွာရွက်)🍃

Centella (မြင်းခွာရွက်)🍃

Centella (မြင်းခွာရွက်)🍃

ဒီတပတ်မှာတော့ မြင်းခွာရွက်အကြောင်းလေးကို ပြောပြပေးသွားပါမယ်🥰
မြင်းခွာရွက် ကို centella လိုလဲခေါ်ဆိုကြသလို Gotu kola လိုလဲခေါ်ဆိုကြပါသေးတယ်။ မြင်းခွာရွက်ဟာဆိုရင် အာရှဒေသ၏ အပူပိုင်းဒေသများမှာပေါက်လေ့ရှိပါတယ်။ ယခင်နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးအဖြစ်အသုံးပြုခဲ့ကြပြီးတော့ သွေးပေါင်ကိုလျော့ချပေးနိုင်ပါတယ်။ မြင်းခွာရွက်က ဦးနှောက်နှင့် အာရုံကြောစနစ်ကိုအထောက်အကူပြုပေးပါတယ်။ မှတ်ဉာဏ်ကိုလည်းတိုးတက်စေ နိုင်ပြီးတော့ စိုးရိမ်ပူပန်မှုကိုသက်သာစေပါတယ်။

Centella ကို သဘာဝ အသားအရေထိန်းသိမ်းပစ္စည်းအဖြစ်လဲအသုံးပြုကြပြီး အရေပြားကိုလဲ အကျိုးကျေးဇူးရရှိစေနိုင်ပါတယ်။ Centella မှာ Flavonoids နှင့် Madecassoside အစရှိတဲ့ Antioxidants များလဲပါဝင်တာကြောင့် နေနှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အသားရေပျက်စီးမှုကိုလျော့ချပေးပါတယ်။ နုပျိုသောအသားအရေကိုရရှိဖိုအတွက် collagen နှင့် အရေပြားဆဲလ်များပိုမိုအားကောင်းအောင် ဆောင်ရွက်ပေးပါတယ်။ Collagen ကောင်းမွန်စွာရရှိခြင်းကြောင့် အရေပြားရဲ့ elasticity ကိုတိုးမြှင့်ပေးပြီး အရေးအကြောင်းများနှင့် အိုမင်းခြင်းလက္ခဏာများကိုလျော့ချပေးပါတယ်။

Centella မှာဆိုရင် amino acid၊ Beta Carotene၊ Fatty Acids နှင့် Phytochemicals များပေါများပြီး အရေပြားအတွက်အာဟာရဓာတ်များပါ၀င်ပါသေးတယ်။ မြင်းခွာရွက်ကို ပါဝင်ပစ္စည်းအနေဖြင့် အသုံးပြုထားတဲ့ ထုတ်ကုန်တွေကိုအသုံးပြုခြင်းဖြင့် အရေးအကြောင်း၊ အရေပြားတွန့်ခြင်း၊ ဝက်ခြံ၊ အမာရွတ်နှင့် အမဲစက်များကိုပျောက်ကင်းနိုင်ပါတယ်။

Telegram အသုံးပြုသော customer များလဲ https://t.me/snowfoxgroupofcompanies မှာဝင်ရောက်လေ့လာလိုရပါသေးတယ်ရှင့် 🙏

Photo from google

Leave a Reply