established 2004

CEO's Speech

  • ကျွန်မ Snow Fox Group of Companies တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။
  • ကျွန်မကိုယ်တိုင် အသေးစား စီးပွါးရေးလုပ်ငန်း တစ်နည်းအားဖြင့်ပြောရရင် တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးလုပ်ရာကလာခဲ့တာမို့ အသေးစားစီးပွါးရေးလုပ်ငန်းရှင်တွေရဲ့အခက်အခဲတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့သိခဲ့ရတာမို့ ကျွန်မ လုပ်ပေးနိုင်တဲ့ စီးပွါးရေး ကဏ္ဍတစ်ထောင့်တစ်နေရာကနေ လက်တွဲခေါပြီး အတူတကွ လုပ်ငန်းလုပ်ဖို့ ဖိတ်ခေါ်ချင်တာရယ်        
  • မြန်မာထုတ်ကုန်ဆို အရည်အသွေးညံ့တယ်ထင်သူတွေကိုလည်း အရည်အသွေးမြင့် မြန်မာ ထုတ်ကုန်များကို မြန်မာတင်သာမက ကမ္ဘာကိုပါ ပြချင်တဲ့ ဆန္ဒ နှင့် မြန်မာ လူငယ်များရဲ့ ထက်မြတ်တဲ့ အရည်အချင်းတွေပါပေါင်းစပ်ပြီး Snow Fox Group of Company Limited ဆိုတာဖြစ်ပေါ်လာတာပါ။        
  • ကျွန်မတို့ Snow Fox Group Of Companies ရဲ့ Culture ကလည်း Education Culture ဖြစ်ပါတယ်။        
  • ကျွန်မရဲ့ ဝန်ထမ်းများ၏အသိပညာ အတတ်ပညာ နှင့် စိတ်ပိုင်းဆိုင်ရာများကို အစဉ်တစိုက် တိုးတတ်စေရန် Trainer များဖြင့် Train ပေးပြီး ပျော်ရွှင်ကျန်းမာပြီး positive thinking များဖြင့် လွှမ်းခြုံထားသော လူမှု အဖွဲ့အစည်းတစ်ခုဖြစ်စေရန် ဖော်ဆောင်နေသော Company ဖြစ်ပါတယ်။
  • ဝန်ထမ်းများသာမက ကျွန်မတို့နဲ့ လက်တွဲသော Partner များရဲ့ အကျိုးကို ရှေးရှုပြီး ရရှိလာတဲ့ အမြတ်များ၏ 10% ကိုလည်း မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းမည့် Snow Fox Group Of Companies ဖြစ်ပါတယ်။
  • လှူဒါန်းမည့်နေရာအများစုကိုတော့ ပြည်သူ့ကျန်းမာရေးဌာနများ၊ ပညာရေး နှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဆိုင်သောနေရာများကို အဓိက အလေးထားပြီးလှူဒါန်းသွားမှာဖြစ်ပါတယ်။
  • မြန်မာထုတ်ကုန်များ ကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီထုတ်လုပ်ပြီး စျေးနူန်းသက်သာပြီး အရည်အသွေးမြင့်ပစ္စည်းများထုတ်လုပ်ပေးခြင်း နှင့် ပြည်ပမှ တင်သွင်းသောသွင်းကုန်များကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီထုတ်သော စက်ရုံများဖြင့်ချိတ်ဆက်ပြီး မြန်မာ FDA ၏စံညွှန်းအတိုင်း တင်သွင်းပေးကာ သုံးစွဲသူမြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေး နှင့် ဘေးအန္တာရာယ်ကင်းရှင်းမှုကို အဓိကထားပြီး ထုတ်လုပ်ဖြန့်ဖြူးပေးနေသော လုပ်ငန်းဖြစ်ပါတယ်။
  • မြန်မာနိုင်ငံမှ ထုတ်မည့် ထုတ်ကုန်များ၏ ကုန်ကြမ်းများကိုလည်း မြန်မာနိုင်ငံဒေသအရပ်ရပ်ရှိ ပြည်တွင်းထွက်ကုန်များ၊ လက်မှုပညာရှင်များ နှင့် တိုင်းရင်းသားဒေသထွက်ကုန်များကို ဝယ်ယူကာ Made In Myanmar ကို ဂုဏ်ယူဝင့်ကြွားစွာ ပြည်တွင်းရော ပြည်ပသို့ပါ ဖြန့်ဖြူးရောင်းချဖို့က ကျွန်မတို့ Snow Fox ရဲ့ ကြိုးစားမှုဖြစ်ပါတယ်။
  • ကျွန်မတို့ Snow Fox Group Of Companies ရဲ့ ဆောင်ပုဒ်ကတော့ " We Can Create Your Dream " ဆိုတဲ့ အတိုင်း လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်စီးပွါးရေး၊ ကိုယ်ပိုင်တံဆိပ်ဖြင့် အလှကုန်၊ လူသုံးကုန်၊ အိမ်သုံးကုန်များကို ထုတ်လုပ်ဖြန့်ဖြူပေးဖို့ကတော့ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

Core Values

အရည်အချင်းပြည့်မှီပြီး ပြည့်စုံပျော်ရွှင်သောလူ့အဖွဲ့အစည်းတစ်ခု နှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်။

Objective

  • မြန်မာလူငယ်များ၏ အရည်အချင်းများကို လက်ခံပြီး လုပ်ပိုင်ခွင့်ပေးခြင်း နှင့် အရည်အသွေးထက်မြက်စေရန်သင်ကြားပေးရန်
  • အသေးစားလုပ်ငန်း ရှင်များမှသည် အကြီးစား လုပ်ငန်းရှင်များဖြစ်စေရန်။
  • မြန်မာ့ထုတ်ကုန်များ ပြည်တွင်း၊ ပြည်ပစျေးကွက် တွင် အောင်မြင်မှုရစေရန်။
  • မြန်မာလက်မှုပညာရှင်များ၊ တောင်သူလယ်သမားများ ဝင်ငွေတိုးစေရန်။
  • ရရှိလာသည့်အမြတ်များ၏ ၁၀% ကို လိုအပ်သည့်နေရာများတွင် ပြန်လည်လှူဒါန်းနိုင်ရန်။

Optional Subtitle

Meet The Team

Testimonials

clients reviews

where to find us

Botahtaung Lane 2