You are currently viewing Soy Bean (ပဲပိစပ်)

Soy Bean (ပဲပိစပ်)

Soy Bean (ပဲပိစပ်)

Soy Bean (ပဲပိစပ်) က ကျန်းမာရေးနှင့် အလှအပရေးရာအတွက် အထောက်အကူဖြစ်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပဲပိစပ်ကို အဓိကအားဖြင့် အရှေ့အာရှတွင်စိုက်ပျိုးကြပါတယ်။ Soy Bean (ပဲပိစပ်) ဖြင့် soy milk, miso, soy sauce, tofu နှင့် အခြားအစားအစာအမျိုးမျိုးကို ပြုလုပ်ကြပါတယ်။
ပဲပိစပ်အခြေခံထားတဲ့ အစားအစာများကိုစားသုံးခြင်းသည် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အချိုသောကင်ဆာရောဂါများနှင့် အရိုးကျန်းမာရေးအပါအ၀င် ကျန်းမာရေးပြဿနာအမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ ရာသီသွေးဆုံးချိန်နှင့်မီးယပ်သွေးဆုံးအမျိုးသမီးများအတွက် ပဲပိစပ်နှင့် ပြုလုပ်ထားသောအစားအစာများကိုစာသုံးခြင်းဖြင့် ကောင်းမွန်တဲ့အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

သွေးပေါင်ချိန်လျှော့ချပေးခြင်း၊ သွေးကြောများပိုမိုကောင်းမွန်လာခြင်း၊ ရင်သားကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးကိုသက်သာစေနိုင်ခြင်း၊ အမြင်အာရုံကိုတိုးတက်စေခြင်း စတဲ့အကျိုးကျေးဇူးများအပြင် အခြားအကျိုးကျေးဇူးများစွာလဲရရှိစေနိုင်ပါသေးတယ်။

Soy Bean (ပဲပိစပ်) ကိုအသားအရေထိန်းသိမ်းသောထုတ်ကုန်များထဲတွင်လဲ ထည့်သွင်းအသုံးပြုကြပါတယ်။ ပဲပိစပ်တွင် antioxidant ဒြပ်ပေါင်းများစွာပါဝင်ပြီး အသားအရေအိုမင်းခြင်းကိုလျှော့ချ ထိန်းသိမ်းပေးပါတယ်။ အမဲစက်၊ အရေးအကြောင်းကိုလျှော့ချပေးပြီး glow skin ကိုလဲရရှိစေနိုင်ပါတယ်။

ပဲပိစပ်မှာ Protein, Iron, Calcium, Fibre, Folic acid, Vitamins B, Potassium ဓာတ်တွေပါဝင်တာကြောင့် ဆံပင်ကျန်းမာရေးကိုလဲ အထောက်အကူပြုပေးပါတယ်။ ဆံသားကို နက်မှောင်စေပြီး သန်စွမ်းစေနိုင်ပါတယ်ရှင့်။ ယနေ့ခေတ်မှာတော့ ပဲပိစပ်ကို skincare ပစ္စည်းမျိုးမျိုးမှာ ထည့်သွင်းထုတ်လုပ်လာကြပြီဖြစ်ပါတယ်။ Soy bean ထည့်သွင်းထားတဲ့ ထုတ်ကုန်အမျိုးမျိုးကိုအသုံးပြုရင်း ကျန်းမာလှပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ကြပါစေရှင့်😍

Telegram အသုံးပြုသော customer များလဲ https://t.me/snowfoxgroupofcompanies မှာဝင်ရောက်လေ့လာလိုရပါသေးတယ်ရှင့် 🙏

Photo from google

Leave a Reply